☺ မင်္ဂလာပါ ☺

မင်္ဂလာပါ…


ချစ်တတ်တဲ့ အရွယ် ပျော်ကြမယ် မှ နွေးထွေးစွာ ကြိုဆိုပါတယ်..

အခုလို စဉ်းစားမိတာလေးကို ကိုနေ၀န်းရဲ့  တော်ကီနဲ့  အကောင်ရော အထည်ပါ

ဖော်ဆောင်လိုက်ခြင်း ဖြစ်ပါတယ်……လာရောက်လည်ပတ်သူအားလုံး ပျော်ရွှင်ခွင့်

တစ်စုံတစ်ရာ ကျန်ရစ်ခဲ့ မယ်ဆိုရင် ချန်ရစ်နိုင်ခဲ့ မယ်ဆိုရင် အတိုင်းအဆမရှိ ၀မ်းမြောက်မိမှာပါ…

သတိချပ်စေချင်တာကတော့…ကျွန်တော်တို့  သည် ပျော်တော်ဆက်များ မဟုတ်ပါ…

ပျော်ရွှင်နိုင်စေရန်သာ ရည်ရွယ်ခြင်းဖြစ်ပါကြောင်း…

အရေးကြီးဆုံးအချက်အနေနဲ့ ကတော့ ကျွန်တော်တို့ ကျောင်းမှ နောင်တော်အစ်ကိုကြီးများ၏

သင်္ကြန်တွင်း ပျော်ပွဲရွှင်ပွဲများအား စည်ကားစွာ ကျင်းပနိုင်ခဲ့ သည်ကို ဆက်လက်ထိန်းသိမ်းလိုစိတ်ဖြင့်

အခုလို ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်….နောင် ညီငယ်များသည်လည်း ကျွန်တော်တို့ ထက်

အဆပေါင်းများစွာ သာလွန်ကောင်းမွန်အောင် မြန်မာကျောင်းသားများအချင်းချင်း ယခုထက်ပိုပြီး စည်းလုံးညီညွှတ်အောင် ဆောင်ရွက်နိုင်ပါစေလို့ ..ဆုမွန်ကောင်းတောင်းရင်း

ချစ်တတ်တဲ့အရွယ် ပျော်ကြမယ် အစီအစဉ်ကို စတင်လိုက်ပါတယ်။


Light-joke

☺ စည်းကမ်းချက်များ ☺

စည်းကမ်းချက်များ


- ကျွန်တော်တို့ ကျောင်းမှ ကျောင်းသားများသာ ဖြေဆိုခွင့်ရှိပါသည်။


- တစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုနိုင်ပါသည်။


- Google.gmail.com (အမည်ရင်း) ဖြင့်သာ ဖြေဆိုခြင်းပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။


-အမည်ရင်းမဟုတ်သော Gmail account ဖြင့် ဖြေဆိုခဲ့ပါက အဖြေများပေးပို့ ရာ၌ အမည်ရင်းကို ပူးတွဲပေးပို့ ပါရန်။


- အဖြေများအား minthawni@gmail.com နှင့် mgnaywun@gmail.com သို့  ၂၀၀၉ ခု၊ဧပြီလ(၁၄)ရက်နေ့ ၊ ည (၁၂း၀၀) အချိန်နောက်ဆုံးထားပြီးပေးပို့ ပါရန်။


- ဖြေဆိုရာတွင် မေးခွန်းအားလုံး ဖြေဆိုထားပြီး အကောင်းဆုံး ရွေးချယ်နိုင်သူ ၂ ဦးသာလျှင် ဆုရရှိသူအဖြစ် ရွေးချယ်မည် ဖြစ်ပါသည်။


- ဤအစီအစဉ်မှ ဆုရရှိသူများအား ကျောင်းပျော်ပွဲရွှင်ပွဲများ၏ ဆုပေးပွဲ အခမ်းအနားတွင် ပါဝင်ပေးအပ် သွားမည် ဖြစ်ပါသည်။


- အဖြေများကို ၂၀၀၉ ခု၊ ဧပြီလ (၁၇)ရက်နေ့ ကျောင်းဆုပေးပွဲအခမ်းအနားအပြီးတွင် ဖော်ပြပေးသွားပါမည်။


Light-joke

☺ အသိပေးအပ်ပါသည် ☺

အသိပေးအပ်ပါသည်…


ဤ အစီအစဉ်တွင် မေးခွန်း (၃၀) မေးထားပြီး ဖြေဆိုရန် အဖြေ (၃) ခု ပေးထားပါမည်။ ထို အဖြေ (၃) ခုအနက် (၁)ခု သာလျှင် ရွေးချယ်ဖြေဆို ရမည်ဖြစ်ပါသည်။ အဖြေများအား ( ၀၈.၀၄.၂၀၀၉ ) ရက်စွဲဖြင့် Upload တင်ထားပြီး Link ကို ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ထို Link အား ကြေငြာမည့် နေ့ ရက်တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ အဖြေများအား ပျော်ရွှင်ပေါ့ပါးမှုကိုသာ ရည်ရွယ်ထားသောကြောင့် သင့်လျှော်သလိုသာ ရွေးချယ်ထားပါသည်။ဤ ဆုအား ကျွန်တော်တို့  (၂)ဦးမှသာ တာဝန်ယူထားပြီး မည်သူမည်ဝါ ရစေရန် ဆောင်ရွက်ထားခြင်းမျိုး မရှိပါကြောင်း အသိပေးအပ်ပါသည်။


Light-joke

☺ နမူနာ ☺

ဖြေဆိုခြင်း နမူနာပုံစံ


ဖြေဆိုရာတွင် မေးခွန်းနံပါတ်စဉ် များအား ထည့်သွင်းရန်နှင့် ရွေးချယ်မည့် အက္ခရာ ကိုပါ Google.mail.com သို့ ပူးတွဲရေးသား ပေးပို့ ပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။


ဥပမာ- မေးခွန်း(၁) - (က) (သို့ ) (ခ) (သို့ ) (ဂ)


ပျော်ရွှင်ပါစေ……


Light-joke

☺ မေးခွန်း နှင့် အဖြေများ ☺

မေးခွန်းနှင့်အဖြေများ


ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်ပါ ။


၁။ မင်းသော်နီ အား ပြန်မချစ်ခဲ့ သော သူမသည် မည်သူနှင့် တူသနည်း။

(က) ဂွတ်ထော် ၊

(ခ) ဂွမ်းပုံကြီး ၊

(ဂ) စိုးပြည့်သဇင် ၊


၂။ မောင်နေ၀န်းအား အရမ်းချစ်ခဲ့ သော သူမသည် မည်သူနှင့် တူသနည်း။

(က) လင်ဆေးလိုဟန် ၊

(ခ) စိုးမြတ်ကလျာ ၊

(ဂ) မတူး ၊


၃။ စုဖုရားလတ် စီးလေ့ရှိသော အရာကို ရွေးချယ်ပါ။

(က) သီပေါမင်း ၊

(ခ) ဒန်း ၊

(ဂ) လှည်းယာဉ် ၊


၎။ ကင်တေးဟီ မှ သင့်အား ခင်မင်ခွင့်ရလိုသဖြင့် မက်ဆေ့ ပို့ ခဲ့ လျှင် သင်ဘာလုပ်မည်နည်း။

(က) ခေါင်းကို နံရံ နှင့်ပြေးဆောင့်မည် ၊

(ခ) ဟင်းပြေးချက်မည် (သွေးရူးသွေးတန်းဖြင့်) ၊

(ဂ) “ဟိုက်ရား” ဟု ၀မ်းခေါင်းသံဖြင့် ကော်ရစ်တာ ထွက်အော်မည် ၊


၅။ မင်းနန္ဒာ၏ စီးတော် ရေယာဉ်ဖြစ်သော ငမိုးရိပ်အား ရန်လို တိုက်ခိုက်ခဲ့ သော မလက်တိုသည်

မည်သည့် လက် တိုနေသနည်း။

(က) ဘယ်ဘက် ၊

(ခ) ညာဘက် ၊

(ဂ) လက်အားလုံး ၊


၆။ စာဥသည် ချစ်သူအား ရွာဦးကုက္ကိုပင် အောက်တွင် စောင့်ရခြင်းမှာ အဘယ်ကြောင့်နည်း။

(က) နေပူမည် စိုးသောကြောင့် ၊

(ခ) နောင်လာနောက်သားများ ချစ်သူအား အပင်အောက်ကလဲ စောင့်နိုင်ကြောင်း

သိစေချင်သောကြောင့် ၊

(ဂ) အအေးဆိုင်တွင် စောင့်ရန် ပိုက်ဆံမရှိသောကြောင့် ၊


၇။ လင်္ကာဒီပ သူရဲကောင်း၏ ဘွဲ့  “ဒဿဂီရိ” မှာ မည်သည့် အနက် ဆောင်သနည်း။

(က) မျက်နှာ ၁၀ခု ကို ရည်ရွယ်သည် ၊

(ခ) တောင် ၁၀ လုံးကို ပိုင်သောကြောင့် ဖြစ်သည် ၊

(ဂ) မြှာပွေသောကြောင့် ဖြစ်သည် ၊


၈။ ကက်ပိုင်လို ဟူသော ပန်းချီဆရာသည် မည်သည့်နိုင်ငံသား ဖြစ်သနည်း။

(က) ပြင်သစ် ၊

(ခ) ပျဉ်ဟောင်း ၊

(ဂ) ဖင်လန် ၊


၉။ စာများများဖတ်ခြင်း၏ အကျိုးများထဲမှ အနီးစပ်ဆုံး တစ်ခုကို ရွေးချယ်ပါ။

(က) အိပ်ချင်စိတ်ဖြစ်ပေါ်စေသည်။

(ခ) မျက်မှန်နှင့် စတိုင်ကျနိုင်သည်။

(ဂ) လူရှိန်စေသည်။


၁၀။ ဟဂျားဆာမိ ၏ ပြောဖူးသော ဒဿန တစ်ခုကို အောက်ပါများမှ ရွေးချယ်ပါ။

(က) ကုလားတို့ အသဲ ဘယ်တော့မှ မမဲ ၊

(ခ) ကုလားမှာလဲ အသဲ နဲ့ ပါ ၊

(ဂ) ကုလားရယ် မင်းရယ် ချာပါတီရယ် ၊


၁၁။ အောက်ပါတို့မှ အဆိုးဆုံးတစ်ခုကို ရွေးပါ ။

(က) လင်ဆိုးမယား ၊

(ခ) သားဆိုး အမေ ၊

(ဂ) မောင်ဆိုးနှမ ၊


၁၂။ သင့်အတွက် ပူပူလေးနှင့် ကောင်းသော အရာတစ်ခုကို ရွေးချယ်ပါ ။

(က) ဘမ်နီဘမ်း ၊

(ခ) ချစ်ဒုက္ခ ၊

(ဂ) ထွန်းရွေဝါ ၊


၁၃။ စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်းသည် မည်သည့် (case) ကို အယုံအကြည် ရှိသနည်း။

(က) ၂၀၀၉ ပရီးမီးယားလိဒ်(စ်)ချန်ပီယံ မန်ယူ ၊

(ခ) ၀ိညာဉ် ၊

(ဂ) သံသရာ ၊


၁၄။ Chatting တက်ခြင်း၏ အကျိုး များထဲတွင် ဖြစ်နိုင်ဖွယ်တစ်ခုကို ရွေးချယ်ပါ။

(က) လျှမ်းလျှမ်းတောက် ညာနိုင်သည်။

(ခ) တစ်မိနစ် စလုံးရေ ၁၅၀၀ ရိုက်နိုင်သည်။

(ဂ) တစ်လအတွင်း ပေါင် ၂၀ ကျနိုင်သည်။


၁၅။ အကောင်းဆုံး ဝေဖန်ရေးသမား မှာ မည်သူဖြစ်သနည်း ။

(က) ကလေး ၊

(ခ) သူငယ်ချင်း ၊

(ဂ) မိဘ ၊


၁၆။ ဘီလ်ဂိတ်၏ ထင်ပေါ်ကျော်ကြားသော စကားများထဲမှ မှန်ရာကို ရွေးပါ ။

(က) ငါမသေဘူး ရေကူးတတ်တယ်။

(ခ) စံနှုန်းကို ငါတို့ချမှတ်ပေးတယ်။

(ဂ) No pain , no gain .


၁၇။ တစ်နာရီ မိုင် (၆၀) နှုန်းဖြင့် လေပြင်းတိုက်ခတ်နေချိန်တွင် .. သင်ဘာလုပ်မည်နည်း။

(က) အိပ်ရာထဲတွင် ကွေးနေမည် ၊

(ခ) စွန် ထွက် လွှတ်မည် ၊

(ဂ) ချစ်သူပေးသော လက်ဆောင်အား တင်းတင်း ဆုပ်ကိုင်ထားမည် ၊


၁၈။ သီပေါမင်း နှစ်ခြိုက်စွာ သောက်ချင်ခဲ့သော အရာတစ်ခုအား ရွေးချယ်ပါ။

(က) ဗော့ကာ (ပါလီမန့် ) ၊

(ခ) Alpine သောက်ရေသန့် ၊

(ဂ) Supper ကော်ဖီမစ် ၊


၁၉။ သထုံမှ အပြန် မဏိစန္ဒာ မင်းသမီး အား စောင့်ရှောက်ဆောင်ကျဉ်း ခဲ့ ကြသော သူရဲကောင်း

၎ ဦး အနက် ကျန်စစ်သား၏ အလှည့်တွင် မင်းသမီး၏ ကိုယ်အလေးချိန် တိုးနေကြောင်း

သိရှိခဲ့ ရသည်။ ပိုလာသော ကိုယ်အလေးချိန် မည်မျှနည်း။

(က) Good_morning ပေါင်မုန့် (၂) ချပ်စာခန့်  ၊

(ခ) ဟော့တော့ (၁) ခုစာခန့်  ၊

(ဂ) ပွိုင့် နေကြာစေ့ (ထူးရှယ်) ၃စေ့ခန့် ၊


၂၀။ ယုန်ရှေ့ တွင် ဆန်ထောင်းနေသော အဖိုးအို၏ ဖြစ်နိုင်သော ဆန္ဒကို ရွေးချယ်ပါ။

(က) ဆန်ဖွတ်ပြီးလျှင် ယုန်ဟင်း နှင့် တွယ်ရန် ၊

(ခ) အိုသော်လည်း ပျိုဆဲ ဖြစ်ကြောင်း ယုန်အား အသိပေးလို သောကြောင့် ၊

(ဂ) ယောင်္ကျားတို့ ကောင်း မောင်းထောင်းသလို ဆိုသည်ကို သိစေလိုသောကြောင့် ၊


၂၁။ ကိုလံဘတ် သည် အိန္ဒိယတိုက် ကို ရှာဖွနိုင်ခဲ့ ခြင်းတွင် အောက်ပါ ဖြစ်နိုင်ဖွယ်

တစ်ခုကို ရွေးချယ်ပါ။

(က) စူးစမ်းချင်သောစိတ် ရှိသောကြောင့် ၊

(ခ) မိန်းမ မရှိသောကြောင့် ၊

(ဂ) အေးရာအေးကြောင်းမနေတတ်သောကြောင့် ၊


၂၂။ သတိ ၀ိရိယ ရှိခြင်း နှင့် နမော်နမဲ့  နိုင်ခြင်းသည် မည်သို့ ကွာခြားသနည်း။

(က) အရေးအသား ၊

(ခ) ပင်ပန်းမှု သက်သာမှု ၊

(ဂ) အချိန်ကြန့် ကြာမှု ၊


၂၃။ ၁၉၉၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဘီလ်ဂိတ်၏ MS-DOS သည် စက္ကန့်မည်မျှတွင် တစ်ချပ်နှုန်းဖြင့်

ရောင်းချခဲ့ရသနည်း ။

(က) ၁ စက္ကန့် ၊

(ခ) ၂ စက္ကန့် ၊

(ဂ) ၃ စက္ကန့် ၊


၂၄။ ကျောင်းသို့ အသွား (၁၉) ကားပေါ်တွင် ချစ်စရာ ကောင်းသော ကောင်မလေးတစ်ယောက်

ငေးငေးလေး ကြည့်နေလျှင် သင်ဘာလုပ်မည်နည်း။

(က) လက်သည်းကို ကိုက်နေမည် ၊

(ခ) လက်ကို ဆွဲဆိတ်ကြည့်မည် ၊

(ဂ) လက်ကိုင်တန်းအား တင်းတင်း ဆုပ်ကိုင်ထားမည် ၊


၂၅။ အချိန်နှင့် ဒီရေသည် လူကို မစောင့်ဟု အဆိုရှိပါသည် ၊ လူကိုမစောင့်သော နောက်တစ်ခုမှာ-

(က) သေမင်း ၊

(ခ) သမိုင်း ၊

(ဂ) အခွင့်အရေး ၊


၂၆။ ကုန်းဘောင် နောက်ဆုံးမင်းဆက် များမှ အပျိုစင် တစ်ခုလပ် ဖြစ်ခဲ့ ရသော မင်းသမီး၏

အမည်ကို ရွေးချယ်ပါ။

(က) စုဖုရားလတ် ၊

(ခ) စုဖုရားကြီး ၊

(ဂ) မြောက်နန်းစံ မိဖုရား ၊


၂၇။ ဒယ်လာဝဲရာ မြစ်လက်တက်သည် မည်သည့် နိုင်ငံတွင် ရှိသနည်း။

(က) အမေရိကန် ၊

(ခ) ရုရှား ၊

(ဂ) မက္ကဆီကို ၊


၂၈။ ပုံပြင်ထဲမှ သနားစရာ စင်ဒရဲလားလေး စီးခဲ့ သော ရွှေရောင် ဖိနပ်၏ နံပါတ်ကို ဖော်ပြပါ။

(က) နံပါတ် (၇) ၊

(ခ) နံပါတ် (၁၁) ၊

(ဂ)နံပါတ် (၃၇) ၊


၂၉။ ဖေဖေလာလျှင် အုန်းသီး ခွဲစားမည်ဟု ဆိုသော ခလေးငယ်၏ အမှန်တကယ်တွယ်ချင်သော

ဖြစ်နိုင်ဖွယ် အုန်းသီး အမျိုးအစားကို ရွေးချယ်ပါ။

(က) ၀က်မလွတ် အုန်းသီး ၊

(ခ) ရခိုင် အုန်းသီး ၊

(ဂ) ကိုကိုးကျွန်း အုန်းသီး ၊


၃၀။ မိန်းကလေးများ၏ နုပျိုသော လျှိ့ဝှက်ချက်မှာ . . .

(က) အကောင်းစား မိတ်ကပ် ၊

(ခ) အသက်လိမ်ခြင်း ၊

(ဂ) အ၀တ်အစား ၊


------------------------- ☺☺☺☺☺ ☺☺☺☺☺ ☺☺☺☺☺ -------------------------

 
©2009 ချစ်တတ်တဲ့အရွယ် ပျော်ကြမယ် | by TNB