☺ မေးခွန်း နှင့် အဖြေများ ☺

မေးခွန်းနှင့်အဖြေများ


ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်ပါ ။


၁။ မင်းသော်နီ အား ပြန်မချစ်ခဲ့ သော သူမသည် မည်သူနှင့် တူသနည်း။

(က) ဂွတ်ထော် ၊

(ခ) ဂွမ်းပုံကြီး ၊

(ဂ) စိုးပြည့်သဇင် ၊


၂။ မောင်နေ၀န်းအား အရမ်းချစ်ခဲ့ သော သူမသည် မည်သူနှင့် တူသနည်း။

(က) လင်ဆေးလိုဟန် ၊

(ခ) စိုးမြတ်ကလျာ ၊

(ဂ) မတူး ၊


၃။ စုဖုရားလတ် စီးလေ့ရှိသော အရာကို ရွေးချယ်ပါ။

(က) သီပေါမင်း ၊

(ခ) ဒန်း ၊

(ဂ) လှည်းယာဉ် ၊


၎။ ကင်တေးဟီ မှ သင့်အား ခင်မင်ခွင့်ရလိုသဖြင့် မက်ဆေ့ ပို့ ခဲ့ လျှင် သင်ဘာလုပ်မည်နည်း။

(က) ခေါင်းကို နံရံ နှင့်ပြေးဆောင့်မည် ၊

(ခ) ဟင်းပြေးချက်မည် (သွေးရူးသွေးတန်းဖြင့်) ၊

(ဂ) “ဟိုက်ရား” ဟု ၀မ်းခေါင်းသံဖြင့် ကော်ရစ်တာ ထွက်အော်မည် ၊


၅။ မင်းနန္ဒာ၏ စီးတော် ရေယာဉ်ဖြစ်သော ငမိုးရိပ်အား ရန်လို တိုက်ခိုက်ခဲ့ သော မလက်တိုသည်

မည်သည့် လက် တိုနေသနည်း။

(က) ဘယ်ဘက် ၊

(ခ) ညာဘက် ၊

(ဂ) လက်အားလုံး ၊


၆။ စာဥသည် ချစ်သူအား ရွာဦးကုက္ကိုပင် အောက်တွင် စောင့်ရခြင်းမှာ အဘယ်ကြောင့်နည်း။

(က) နေပူမည် စိုးသောကြောင့် ၊

(ခ) နောင်လာနောက်သားများ ချစ်သူအား အပင်အောက်ကလဲ စောင့်နိုင်ကြောင်း

သိစေချင်သောကြောင့် ၊

(ဂ) အအေးဆိုင်တွင် စောင့်ရန် ပိုက်ဆံမရှိသောကြောင့် ၊


၇။ လင်္ကာဒီပ သူရဲကောင်း၏ ဘွဲ့  “ဒဿဂီရိ” မှာ မည်သည့် အနက် ဆောင်သနည်း။

(က) မျက်နှာ ၁၀ခု ကို ရည်ရွယ်သည် ၊

(ခ) တောင် ၁၀ လုံးကို ပိုင်သောကြောင့် ဖြစ်သည် ၊

(ဂ) မြှာပွေသောကြောင့် ဖြစ်သည် ၊


၈။ ကက်ပိုင်လို ဟူသော ပန်းချီဆရာသည် မည်သည့်နိုင်ငံသား ဖြစ်သနည်း။

(က) ပြင်သစ် ၊

(ခ) ပျဉ်ဟောင်း ၊

(ဂ) ဖင်လန် ၊


၉။ စာများများဖတ်ခြင်း၏ အကျိုးများထဲမှ အနီးစပ်ဆုံး တစ်ခုကို ရွေးချယ်ပါ။

(က) အိပ်ချင်စိတ်ဖြစ်ပေါ်စေသည်။

(ခ) မျက်မှန်နှင့် စတိုင်ကျနိုင်သည်။

(ဂ) လူရှိန်စေသည်။


၁၀။ ဟဂျားဆာမိ ၏ ပြောဖူးသော ဒဿန တစ်ခုကို အောက်ပါများမှ ရွေးချယ်ပါ။

(က) ကုလားတို့ အသဲ ဘယ်တော့မှ မမဲ ၊

(ခ) ကုလားမှာလဲ အသဲ နဲ့ ပါ ၊

(ဂ) ကုလားရယ် မင်းရယ် ချာပါတီရယ် ၊


၁၁။ အောက်ပါတို့မှ အဆိုးဆုံးတစ်ခုကို ရွေးပါ ။

(က) လင်ဆိုးမယား ၊

(ခ) သားဆိုး အမေ ၊

(ဂ) မောင်ဆိုးနှမ ၊


၁၂။ သင့်အတွက် ပူပူလေးနှင့် ကောင်းသော အရာတစ်ခုကို ရွေးချယ်ပါ ။

(က) ဘမ်နီဘမ်း ၊

(ခ) ချစ်ဒုက္ခ ၊

(ဂ) ထွန်းရွေဝါ ၊


၁၃။ စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်းသည် မည်သည့် (case) ကို အယုံအကြည် ရှိသနည်း။

(က) ၂၀၀၉ ပရီးမီးယားလိဒ်(စ်)ချန်ပီယံ မန်ယူ ၊

(ခ) ၀ိညာဉ် ၊

(ဂ) သံသရာ ၊


၁၄။ Chatting တက်ခြင်း၏ အကျိုး များထဲတွင် ဖြစ်နိုင်ဖွယ်တစ်ခုကို ရွေးချယ်ပါ။

(က) လျှမ်းလျှမ်းတောက် ညာနိုင်သည်။

(ခ) တစ်မိနစ် စလုံးရေ ၁၅၀၀ ရိုက်နိုင်သည်။

(ဂ) တစ်လအတွင်း ပေါင် ၂၀ ကျနိုင်သည်။


၁၅။ အကောင်းဆုံး ဝေဖန်ရေးသမား မှာ မည်သူဖြစ်သနည်း ။

(က) ကလေး ၊

(ခ) သူငယ်ချင်း ၊

(ဂ) မိဘ ၊


၁၆။ ဘီလ်ဂိတ်၏ ထင်ပေါ်ကျော်ကြားသော စကားများထဲမှ မှန်ရာကို ရွေးပါ ။

(က) ငါမသေဘူး ရေကူးတတ်တယ်။

(ခ) စံနှုန်းကို ငါတို့ချမှတ်ပေးတယ်။

(ဂ) No pain , no gain .


၁၇။ တစ်နာရီ မိုင် (၆၀) နှုန်းဖြင့် လေပြင်းတိုက်ခတ်နေချိန်တွင် .. သင်ဘာလုပ်မည်နည်း။

(က) အိပ်ရာထဲတွင် ကွေးနေမည် ၊

(ခ) စွန် ထွက် လွှတ်မည် ၊

(ဂ) ချစ်သူပေးသော လက်ဆောင်အား တင်းတင်း ဆုပ်ကိုင်ထားမည် ၊


၁၈။ သီပေါမင်း နှစ်ခြိုက်စွာ သောက်ချင်ခဲ့သော အရာတစ်ခုအား ရွေးချယ်ပါ။

(က) ဗော့ကာ (ပါလီမန့် ) ၊

(ခ) Alpine သောက်ရေသန့် ၊

(ဂ) Supper ကော်ဖီမစ် ၊


၁၉။ သထုံမှ အပြန် မဏိစန္ဒာ မင်းသမီး အား စောင့်ရှောက်ဆောင်ကျဉ်း ခဲ့ ကြသော သူရဲကောင်း

၎ ဦး အနက် ကျန်စစ်သား၏ အလှည့်တွင် မင်းသမီး၏ ကိုယ်အလေးချိန် တိုးနေကြောင်း

သိရှိခဲ့ ရသည်။ ပိုလာသော ကိုယ်အလေးချိန် မည်မျှနည်း။

(က) Good_morning ပေါင်မုန့် (၂) ချပ်စာခန့်  ၊

(ခ) ဟော့တော့ (၁) ခုစာခန့်  ၊

(ဂ) ပွိုင့် နေကြာစေ့ (ထူးရှယ်) ၃စေ့ခန့် ၊


၂၀။ ယုန်ရှေ့ တွင် ဆန်ထောင်းနေသော အဖိုးအို၏ ဖြစ်နိုင်သော ဆန္ဒကို ရွေးချယ်ပါ။

(က) ဆန်ဖွတ်ပြီးလျှင် ယုန်ဟင်း နှင့် တွယ်ရန် ၊

(ခ) အိုသော်လည်း ပျိုဆဲ ဖြစ်ကြောင်း ယုန်အား အသိပေးလို သောကြောင့် ၊

(ဂ) ယောင်္ကျားတို့ ကောင်း မောင်းထောင်းသလို ဆိုသည်ကို သိစေလိုသောကြောင့် ၊


၂၁။ ကိုလံဘတ် သည် အိန္ဒိယတိုက် ကို ရှာဖွနိုင်ခဲ့ ခြင်းတွင် အောက်ပါ ဖြစ်နိုင်ဖွယ်

တစ်ခုကို ရွေးချယ်ပါ။

(က) စူးစမ်းချင်သောစိတ် ရှိသောကြောင့် ၊

(ခ) မိန်းမ မရှိသောကြောင့် ၊

(ဂ) အေးရာအေးကြောင်းမနေတတ်သောကြောင့် ၊


၂၂။ သတိ ၀ိရိယ ရှိခြင်း နှင့် နမော်နမဲ့  နိုင်ခြင်းသည် မည်သို့ ကွာခြားသနည်း။

(က) အရေးအသား ၊

(ခ) ပင်ပန်းမှု သက်သာမှု ၊

(ဂ) အချိန်ကြန့် ကြာမှု ၊


၂၃။ ၁၉၉၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဘီလ်ဂိတ်၏ MS-DOS သည် စက္ကန့်မည်မျှတွင် တစ်ချပ်နှုန်းဖြင့်

ရောင်းချခဲ့ရသနည်း ။

(က) ၁ စက္ကန့် ၊

(ခ) ၂ စက္ကန့် ၊

(ဂ) ၃ စက္ကန့် ၊


၂၄။ ကျောင်းသို့ အသွား (၁၉) ကားပေါ်တွင် ချစ်စရာ ကောင်းသော ကောင်မလေးတစ်ယောက်

ငေးငေးလေး ကြည့်နေလျှင် သင်ဘာလုပ်မည်နည်း။

(က) လက်သည်းကို ကိုက်နေမည် ၊

(ခ) လက်ကို ဆွဲဆိတ်ကြည့်မည် ၊

(ဂ) လက်ကိုင်တန်းအား တင်းတင်း ဆုပ်ကိုင်ထားမည် ၊


၂၅။ အချိန်နှင့် ဒီရေသည် လူကို မစောင့်ဟု အဆိုရှိပါသည် ၊ လူကိုမစောင့်သော နောက်တစ်ခုမှာ-

(က) သေမင်း ၊

(ခ) သမိုင်း ၊

(ဂ) အခွင့်အရေး ၊


၂၆။ ကုန်းဘောင် နောက်ဆုံးမင်းဆက် များမှ အပျိုစင် တစ်ခုလပ် ဖြစ်ခဲ့ ရသော မင်းသမီး၏

အမည်ကို ရွေးချယ်ပါ။

(က) စုဖုရားလတ် ၊

(ခ) စုဖုရားကြီး ၊

(ဂ) မြောက်နန်းစံ မိဖုရား ၊


၂၇။ ဒယ်လာဝဲရာ မြစ်လက်တက်သည် မည်သည့် နိုင်ငံတွင် ရှိသနည်း။

(က) အမေရိကန် ၊

(ခ) ရုရှား ၊

(ဂ) မက္ကဆီကို ၊


၂၈။ ပုံပြင်ထဲမှ သနားစရာ စင်ဒရဲလားလေး စီးခဲ့ သော ရွှေရောင် ဖိနပ်၏ နံပါတ်ကို ဖော်ပြပါ။

(က) နံပါတ် (၇) ၊

(ခ) နံပါတ် (၁၁) ၊

(ဂ)နံပါတ် (၃၇) ၊


၂၉။ ဖေဖေလာလျှင် အုန်းသီး ခွဲစားမည်ဟု ဆိုသော ခလေးငယ်၏ အမှန်တကယ်တွယ်ချင်သော

ဖြစ်နိုင်ဖွယ် အုန်းသီး အမျိုးအစားကို ရွေးချယ်ပါ။

(က) ၀က်မလွတ် အုန်းသီး ၊

(ခ) ရခိုင် အုန်းသီး ၊

(ဂ) ကိုကိုးကျွန်း အုန်းသီး ၊


၃၀။ မိန်းကလေးများ၏ နုပျိုသော လျှိ့ဝှက်ချက်မှာ . . .

(က) အကောင်းစား မိတ်ကပ် ၊

(ခ) အသက်လိမ်ခြင်း ၊

(ဂ) အ၀တ်အစား ၊


------------------------- ☺☺☺☺☺ ☺☺☺☺☺ ☺☺☺☺☺ -------------------------

No comments:

Post a Comment

 
©2009 ချစ်တတ်တဲ့အရွယ် ပျော်ကြမယ် | by TNB